ဇစ်ဖွင့်ခြင်း
ဇစ်ဖွင့်ခြင်း အနမ်းနဲ့ စလာတာ။ ဒါကလည်း အမြဲလို အနမ်းနဲ့ စနေကျ။ အယ်လာ က ထိကီ နဲ့အတူ အိပ်ယာထဲမှာ၊ ကိုယ်တုံးလုံးချွတ်တွေနဲ့။ သူ့မှာ တစ်ခုခု လာစူးသလို ခံစားရတဲ့အချိန် သူတို့ချင်း လျှာချင်း ထိမိရုံ ရှိသေးတယ်။ “ကိုယ်ကြောင့် ခိုက်မိသွားသလား ?” ထိကီက သူ့ကို မေးတယ်။ သူက ခေါင်းခါပြတော့ ထိကီက ”မင်းမှာ သွေးတွေ ထွက်လို့ ” တဲ့၊ သုတ်သုတ်ပြာပြာ ထပ်ပြောလာတယ်။ တကယ်လည်း သူ့ပါးစပ်မှာ သွေးတွေ ထွက်လို့။ “ဆောရီးနော် ” တဲ့၊ ထိကီက ပြောပြီး ကသုတ်ကပြာနဲ့ မီးဖိုချောင်ထဲ သွား၊ ဟိုလှန်ဒီလှော လုပ်၊ ရေခဲသေတ္တာထဲက ရေခဲဇလားတွေ ဆွဲထုတ်ပြီး မတ်တပ်ခုံမှာ ထုတယ်။ “ဒီမှာ၊ ဒါလေးတွေ ယူလိုက်၊ ” ထိကီက တုန်တုန်ချမ်းချမ်း လက်တစ်ဖက်နဲ့ ရေခဲတုံးတချို့ ကမ်းရင်း ပြောတယ်။ “နှုတ်ခမ်းမှာကပ်ပြီး အုံထားလိုက်၊ သွေးတိတ်သွားလိမ့်မယ် ” တဲ့။ ထိကီက ဒါမျိုးတွေမှာကျ အမြဲ တော်တဲ့သူ။ တပ်ထဲမှာ ဆေးတပ်သား လုပ်ခဲ့ဖူးတယ်၊ ပြီးတော့ သင်တန်းဆင်း ခရီးသွားလမ်းညွှန်။ “ဆောရီးနော်၊ ” သူက သွေးဆုတ်သလို ဖြူလျှော်လာရင်းနဲ့ ဆက်ပြောတယ်။ “ကိုယ် မင်းကို ကိုက်မိသွားတာ ဖြစ်မယ်၊ သိတယ်မလား။ ရမ္မက် ဆူတုန်းမို့လေ ” တဲ့။ “ကိစ္စ… မဟိ…ပါဘူး၊ ” အယ်လာ သူ့ကို ပြုံးပြီး ပ...