သတို့သမီးပျံ
သတို့သမီးပျံ ကောင်းကင်နဲ့မြေကြီး ကန်တော့ပြီး တော့ လူကောင်ထွားထွား၊ အသားမည်းမည်း ဟုံရှီးတစ်ယောက် စိတ်တွေ ကြွနေပုံက ထိန်းမနိုင်သိမ်းမရ။ သတို့သမီးမျက်နှာ ပုဝါခြုံထားတော့ မျက်နှာကတော့ ကွယ်နေတယ်။ သို့ပေမဲ့ သူ့ရှည်သွယ်သွယ် လက်မောင်းလေးတွေရယ်၊ သိမ်လျလျ ခါးကလေးရယ် မြင်တာနဲ့ သူ့သတို့သမီးက ဂျောင်ကျိုးနယ် မြောက်ခြမ်းက မိန်းမတွေထက် အပုံကြီးသာမှန်း သိသာပြီးသား။ ဟုံရှီးက အသက်လေးဆယ်ပြီ၊ ကျောက်ပေါက်မာ ထူလပျစ်နဲ့၊ ဂေါင်မီးနယ် အရှေ့မြောက်တလွှား ရပ်ကျော်ရွာကျော် လူပျိုကြီး။ မကြာခင်ကမှ သူ့အမေအိုကြီးက ဟုံရှီးကို ယန်ယန်နဲ့ လက်ထပ်ဖို့ စီစဥ်တယ်၊ အပြန်အလှန်အနေနဲ့ ဂေါင်မီးအရှေ့မြောက်နယ် တလွှား၊ အလှပဂေး စာရင်းဝင် သူ့ညီမလေး ယင်ဟွားက ယန်ယန့်အစ်ကို ရွှေအတစ်ယောက်နဲ့ ယူရမှာ။ ဟုံရှီးကတော့ သူ့ညီမလေး ခုလို စတေးပေးတဲ့အပေါ် နက်နက်ရှိုင်းရှိုင်း ခံစားမိရဲ့၊ သူ့ညီမလေး ရွှေအအတွက် ကလေးတွေ မွေးပေးရတော့မယ့်အကြောင်း ခေါင်းထဲ ၀င်လာတော့ သူ့မှာ စိတ်လှုပ်ရှားမှု အဖုံဖုံ ကြားထဲကမှ “ငရွှေအ၊ မင်း ငါ့ညီမလေး ဒုက္ခပေးလို့ကတော့ မင့်ညီမလည်း ငါနဲ့ အတွေ့ပဲ” ဆိုပြီး သူ့သတို့သမီးလေးအပေါ် စိတ်ရိုင်းလေ...