ဗုဒ္ဓဝါဒီ
ဗုဒ္ဓဝါဒီ ဒေါ်ထာ နောစ် “လူလူချင်း” ကူညီမှုအသင်းကြီးရဲ့ ဥက္ကဌ ဖြစ်မလာခင်က ဗုဒ္ဓဝါဒီဟာ သာမန်ခရစ်ယာန်။ နိုင်ငံခြားရေး ဝန်ကြီးဌာနမှာ လုပ်တဲ့ နိုင်ငံ့အုပ်ချုပ်ရေးအဖွဲ့ အရာရှိ။ နိုင်ငံခြားရေးဝန်ကြီးအတွက် မိန့်ခွန်းတွေ ရေးပေးရင်းက အဲဒီဝန်ကြီး ပါးစပ်ထဲ စကားလုံးတွေ ထည့်ပေးနေသူပေါ့။ ဒီအလုပ်က မုသာဝါဒတော့ မုသာဝါဒအလုပ်။ အစပိုင်းမှာ သူ့အလုပ်နဲ့ ပတ်သက်လို့ စနိုးစနောင့် ဖြစ်တာမျိုး သူ ဘာမှ မခံစားရဘူး။ နောက်ပိုင်း သူ့ကိုယ်သူ ဗုဒ္ဓဝါဒီရယ် သဘောပေါက်လာတော့မှ ဒီကိစ္စ သူ့စိတ်ထဲ အနှောက်အယှက် ပေးစပြုလာတာပဲ။ သူ့ကိုယ်သူ ဗုဒ္ဓဝါဒီဆိုတဲ့ အတွေးကလည်း ချက်ချင်းလက်ငင်း ဝင်လာတာမျိုး မဟုတ်ဘူး။ ဗုဒ္ဓဝါဒီအဖြစ် စိတ်ကူးလေး တစ်ခု တွားတက်လာ၊ အဲဒီကနေမှ သူ့စိတ်ထဲ အခြေတကျ ခိုင်သွားခဲ့တာ၊ သူ့မိန်းမက သူနဲ့ ကွာရှင်းလိုကြောင်း ပြောလာပြီး နောက်ပိုင်းပေါ့။ ဗုဒ္ဓဝါဒီဟာ နိုင်ငံခြားရေးဝန်ကြီးဌာန ရုံးထဲ ဝင်လာပြီး သူ့စားပွဲ တစ်ဘက်ခြမ်းမှာ ထိုင်တယ်။ ဗုဒ္ဓဝါဒီအဖြစ်ကို လေးလေးနက်နက် သူ ဆင်ခြင်တယ်။ ဗုဒ္ဓဝါဒီအဖြစ်ဟာ ခြေလှမ်းဝင်ဖို့ အကောင်းဆုံး ဘ၀ပုံစံပဲ၊ သူ တွေးတယ်။ ဗုဒ္ဓဝါဒီတွေဟာ သူတော်ကော...